Q:
A:
Client Certificate (E-Token) လာရောက်လျှောက်ထားရာတွင် တင်ပြရမည့်စာရွက်စာတမ်းများကို သိချင်ပါသည်။
(၁)လျှောက်ထားသူ၏ မှတ်ပုံတင် (သို့) ပတ်စပို့ မိတ္တူ ၁စုံ (၂)လျှောက်ထားသူ၏ သန်ခေါင်စာရင်း (သို့) ဧည့်စာရင်း မိတ္တူ ၁ စုံ (၃)လျှောက်ထားသူ၏ တစ်ပတ်အတွင်း ပြုလုပ်ထားသော ရပ်ကွက်ထောက်ခံစာမူရင်း (၄)လျှောက်ထားသူ၏ ကုမ္ပဏီလိုင်စင် မိတ္တူ ၁စုံ (၅)လျှောက်ထားသူ၏ agent မှတ်ပုံတင်ကဒ် (agent ဖြစ်လျှင်) မိတ္တူ ၁ စုံ (၆)သက်သေခံလက်မှတ်မူရင်း ၁စုံ (၇)သက်သေခံလက်မှတ်ပြဌာန်းချက် သဘောတူညီမှု (Subscriber Agreement) မူရင်း၁စုံ (၈)လျှောက်ထားသူ၏ဓာတ်ပုံ ၁ ပုံ
Q:
A:
Client Certificate (E-token) လျှောက်ထားမှုအတွက် တစ်နှစ်လျှင် မည်မျှကုန်ကျမည်နည်း။
ပုဂ္ဂလိက Agencyကုမ္ပဏီများအတွက် User တစ်ယောက်လျှင် အသစ်လျှောက်ထားမှုအတွက် ၄၀ဝ၀ဝ ကျပ် နှင့် သက်တမ်းတိုးမှုအတွက် ၂၀ဝ၀ဝ ကျပ် ကုန်ကျမည်ဖြစ်ပြီး၊ အစိုးရ ဌာနဆိုင်ရာများအတွက် User တစ်ယောက်လျှင် အသစ်လျှောက်ထားမှုအတွက် ၃၀ဝ၀ဝ ကျပ်နှင့် သက်တမ်းတိုးမှုအတွက် ၁၀ဝ၀ဝ ကျပ် ကုန်ကျမည်ဖြစ်ပါသည်။
Q:
A:
MACCS စနစ်ကို အသုံးပြုရန် Log In ဝင်ရောက်ရာတွင် Client Certificate (E-token) Password အား (၅) ကြိမ်မှားယွင်းရိုက်သွင်းမိ၍ Log ကျသွားပါက မည်သည့်နေရာသို့ လာရောက်ဆောင်ရွက်ရမည်နည်း။
MACCS စနစ်ကို အသုံးပြုရန် Log In ဝင်ရောက်ရာတွင် Client Certificate (E-token) Password အား (၅) ကြိမ်မှားယွင်းရိုက်သွင်းမိ၍ Log ကျသွားပါက လျှောက်ထားစဉ်က ထုတ်ပေးထားသော E-Token နှင့် စာရွက်စာတမ်းများအား ယူဆောင်၍ Winner Computer Group Company Limited အမှတ်(၂၀ဝ) ၊အနောက်ရွှေဂုံတိုင်(၅)လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။( ဖုန်း-ဝ၉၇၇၁၀၉၅၂၇၂၊ဝ၉၄၂၀ဝ၆၇၀၇၅၊ဝ၁၅၀၃၅၉၉ ) သို့ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။