Q:
A:
ECR service ရှိ Gross weight အကွက်တွင် error တက်နေပါသည်။ error code S0005 မည်သို့ဆောင်ရွက်ရမည်နည်း။
Format မှားနေ၍ ဖြစ်ပါသည်။ပြန်ဖျက်ပြီးပြန်လည်ဖြည့်သွင်းပေးရမည်ဖြစ်ပါသည်။ Gross Weight နှင့် Net Weight မှားမထည့်မိစေရန်လည်း ဂရုပြုပါ။
Q:
A:
Allowed Shipment ရရှိပြီး Short Ship ဖြစ်ပါက မည်သို့ဆောင်ရွက်ရမည်နည်း။
Allowed shipment ရရှိပြီး ခွဲတင်ရမည့် case မျိုးတွင် တင်လိုသည့်အရေအတွက်ကို CLR ဖြင့်တင်ပြီး ကျန်အရေအတွက်ကို Manual declaration ဖြင့်ဆောင်ရွက်ရမည်။
Q:
A:
1ED Error E0025 တက်နေလို့ပါ။
EDA Service လုပ်ပီးမှ User ID ပြောင်းလိုက်လို့ပါ။ EDA01 ခေါ်၍ ၁တိုးပြန်send ပေးပါ။
Q:
A:
Vanning လုပ်ရာတွင် customs warehouse code မှားခဲ့လို့ပါ။EDA တင်ရာတွင်လည်းcustoms warehouse code နေရာတွင်မှားနေပါသည်။ EDC ကို Pre ဖြင့် send ပြီးပါပီ။
Unchangeable item ဖြစ်နေပါသဖြင့် Vanning ကို VAC ဖြင့် ဖျက်ပြီး အသစ်ပြန်VAN ရပါမည်။ Declaration ကို လည်း EDA01 ဖြင့်ပြန်ပြင်ရပါမည်။
Q:
A:
VAN service ပါ Vanning location တွင် မည်သို့ဖြည့်သွင်းရပါမည်နည်း။
ဥပမာ- ကုန်ပစ္စည်းတစ်မျိုးအား Export control no.001 ဖြင့် bonded warehouse ‘A’ တွင် Container ‘X’ အတွင်းသို့ Vanning ပြုလုပ်ပါသည်။ ထို့​နောက် အဆိုပါ Container ‘X’ အား bonded warehouse ‘B’သို့ သယ်ဆောင်ပြီး Export control no.002 ဖြင့် နောက်ထပ်ကုန်ပစ္စည်းတစ်မျိုးအား Vannning ပြုလုပ်သည်ဆိုပါက Export control no.001 အတွက် Vanning location နေရာတွင် bonded warehouse ‘B’ ကို ဖြည့်သွင်းရပါမည်။ ဆိုလိုသည်မှာ ကုန်ပစ္စည်းတစ်မျိုးကို ကုန်​​​လှောင်ရုံတစ်ခုတွင် ကုန်သေတ္တာအတွင်းထည့်သွင်း၍ သက်ဆိုင်ရာ ဆိပ်ကမ်း(သို့)သင်္ဘောပေါ်သို့မရောက်ရှိမီ အဆိုပါကုန်သေတ္တာသည် နောက်ထပ်ကုန်လှောင်ရုံ တစ်ခုခုအား ဖြတ်သန်းခဲ့ပါက vanning location တွင် နောက်ဆုံးဖြတ်သန်းခဲ့သော ကုန်လှောင်ရုံ၏ code ကို ဖြည့်သွင်းပေးရမည်ဖြစ်ပါသည်။(ခြွင်းချက်။ ကုန်သေတ္တာတစ်လုံးသည် ကုန်လှောင်ရုံ(၅)နေရာအထိသာ ဖြတ်သန်းခွင့်ရရှိပါသည်။)

Pages