Q:
A:
Payment by deposit ကိုဘယ်လိုဆောင်ရွက်ရမလဲ။
PO ဖြင့် ကြိုတင်ပေးသွင်းထားသည့် deposit ငွေရပ်မှ ပေးဆောင်ရမည့် အခွန်ငွေအရပ်ရပ်အား ခုနှိမ်ပေးဆောင်ခြင်း ဖြစ်ပါသည်။ Import, Export, Transit Declaration များအတွက် အသုံးပြုနိုင်ပါသည်။
Q:
A:
Region ဒေသမတူပါက ငွေပေးဆောင်ခြင်းလုပ်ငန်းကို system မှ လက်ခံ ဆောင်ရွက်ပေး နိုင်ပါသလား။
Region မတူပါက ငွေပေးဆောင်ခြင်းကို system မှဆောင်ရွက်ပေး နိုင်မည်မဟုတ်ပါ။ Regionတူပါက ဆောင်ရွက်ပေးနိုင်ပါသည်။ရန်ကုန် customs station တွင် declaration လုပ်သော ID/ED အတွက် မန္တလေး customs station တွင် ငွေပေးဆောင်နိုင်မည်မဟုတ်ပါ။ရန်ကုန့်အတွင်း Customs Stationတစ်ခုတွင် Declarationဖွင့်လှစ်ပြီး နောက်Customs Stationတစ်ခုတွင် ငွေပေးဆောင်ပေးနိုင်ပါသည်။
Q:
A:
Direct payment အကြောင်းရှင်းပြပေးပါ။
Import, Export, Transit အတွက် payment statement တင်ပြပြီး၊ ကျသင့်သောအခွန်အရပ်ရပ်အား အကောက်ခွန်ဦးစီးဌာနသို့ တိုက်ရိုက် လာရောက် ပေးဆောင်သောလုပ်ငန်း ဖြစ်ပါသည်။ ကျသင့်သောအခွန် အရပ်ရပ် ကျပ် ၅၀၀၀ နှင့်အထက်ငွေရပ်ကို payment order ဖြင့်ကောက်ခံ သွားပါမည်။ အရေးကြီး ပစ္စည်းထုတ်ယူရန်ကိစ္စများတွင် ဘဏ်ဖွင့်ချိန်မမှီ တော့သောအခါ ကျပ် ၅၀၀၀ ကျော် သော်လည်း ငွေပေးသွင်းနိုင်ရန် ဌာန တာဝန်ခံသို့တင်ပြဆောင်ရွက်ရမည်။
Q:
A:
အခွန်ငွေပေးဆောင်ပြီးသော Declarationများ၏ ငွေပေးဆောင်မှုအချက်အလက် များကို ပြန်လည်ကြည့်ရှုနိုင်ပါသလား။
Private User အတွက်ဆိုပါက Deposit ဖြင့် ပေးဆောင်မှုကိုကြည့်ရှုနိုင်ပါသည်။ နေ့စဉ် statictics report ထုတ်ယူကြည့်ရှုနိုင်ပါသည်။
Q:
A:
Deferred Payment ကို ဘယ်လိုအသုံးပြုရမလဲ။
Deferred Paymentဆိုသည်မှာ ကုန်ပစ္စည်းကိုထုတ်ယူပြီးနောက်မှသာ အခွန်ပေး ဆောင်ခြင်းကိုဆိုလိုပါသည်။Declarant၏ယုံကြည်ရမှုပေါ်မူတည်၍ ဘဏ်မှတာဝန်ခံ သော Securityကို ထုတ်ပေးမည်ဖြစ်ပါသည်။ထို Security နှင့် လုံလောက်သော အခွန်ပမာဏ ဖြစ်ပါက Deferred Paymentကို အသုံးပြုနိုင်ပါသည်။ယခုအချိန်တွင် မြန်မာနိုင်ငံတွင် ဘဏ်မှထုတ်ပေးသော Securityဟူ၍ မရှိသေးပါ။

Pages