မြဝတီကုန်သွယ်ရေးဇုန်တွင် MACCS (Myanmar Automated Cargo Clearance System) စတင်ကျင့်သုံးခြင်း ဖွင့်ပွဲအခမ်းအနား

07/06/2018
မြဝတီနယ်စပ်ဒေသ၌ MACCS (Myanmar Automated Cargo Clearance System) စတင်ကျင့်သုံးခြင်း ဖွင့်ပွဲအခမ်းအနားအား (၅-၆-၂၀၁၈) ရက်နေ့ နံနက် ဝ၉:ဝ၀ နာရီတွင် မြဝတီကုန်သွယ်ရေး ဇုန်၌ ဖဲကြိုးဖြတ် ဖွင့်လှစ်၍ကျင်းပခဲ့ပါသည်။ အဆိုပါဖွင့်ပွဲတွင် ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro Maruyama နှင့် အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး (MACCS)နှင့် ကရင်ပြည်နယ် အကောက်ခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဝင်းသန့် တို့မှ မြဝတီနယ်စပ်ဒေသ၌ MACCS စနစ် အကောင်အထည် ဖော်ဆောင်ရွက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဂျပန်-မြန်မာ နှစ်ဘက်အစိုးရဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား အထိမ်းအမှတ် လက်ဆောင်များ ပေးအပ် ခဲ့ပါသည်။ ထို့နောက် ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဆောင်သည့် အဖွဲ့သည် MACCS System တွင် အသုံးပြုမည့် Server Room နှင့် ကုန်ပစ္စည်းစစ်ဆေးနေမှုများ၊ MACCS စနစ်အသုံးပြုနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပြန်လည်ထွက်ခွာသွားပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။