RT ကာလ နိုဝင်ဘာ (၃)ရက်နေ့ အထိတိုးချဲ့ဆောင်ရွက်ခြင်း

အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော MACCS စနစ်အား စမ်းသပ်အသုံးပြုမှု (Running Test) အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှ စတင်၍ စမ်းသပ်အသုံးပြုဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာ လကုန် အထိ စမ်းသပ် အသုံးပြု ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါသည်။သို့ရာတွင် Userများအားလုံးသည် စနစ်နှင့် အကျွမ်းတဝင် ဖြစ်နေ စေရေး လေ့ကျင့်နိုင်ရန်အတွက်၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ အထိ ထပ်မံတိုးချဲ့ ဆောင်ရွက်မည် ဖြစ်ပါသည်။ သို့ပါ၍ RT ကာလအတွင်း ပူးပေါင်းဆောင်ရွက်ပေးပါ ရန်နှင့် တွေ့ကြုံ နေရသည့် အခက်အခဲများအား အကောက်ခွန်ဦးစီးဌာန၏ Help Desk Section သို့လူကိုယ်တိုင်လာရောက် မေးမြန်းနိုင်ပါကြောင်းနှင့် အကောက်ခွန်ဦးစီးဌာနဘက်မှလည်းကူညီဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်။