မြန်မာ့အကောက်ခွန်အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၅၁၄ ဘီလီယံ ကုန်သွယ်မှု အခွန်ရရှိ(Xinhua)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာ့အကောက်ခွန်အနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ၅၁၄ ဘီလီယံ ကုန်သွယ်မှု အခွန်ရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။ ယခုဘဏ္ဍာနှစ်တွင်လည်း ယခင်နှစ်နည်းတူ မျှော်မှန်းထားသော်လည်း ကုန်သွယ်စီးဆင်းမှုကို အထောက် အကူ ပြုမည့် ခေတ်စနစ်အပြိုင် ပေါ်ထွက်လာတော့မည့် မြန်မာ့ အကောက်ခွန်အွန်လိုင်းစနစ် (MACCS )လားရာကို စောင့် ကြည့်ရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်က ပြောကြားသည်။ ကုန်သွယ်မှုခွန်များအဖြစ်ရရှိမှုသည် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ကျပ် ၂၈၃ ဘီလီယံ၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာ နှစ်တွင် ၁၅၈ ဘီလီယံ၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၄ဝ၂ ဘီလီ ယံ၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၄၁၂ ဘီလီယံ၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၅၄၉ ဘီလီယံတို့ရရှိခဲ့သည်။ ယခုအွန်လိုင်းစနစ်ဖြင့် ကျင့်သုံးမည့် MACCS စနစ်ဖြင့် ကောက်ခံပေးနိုင်သည့် အခွန်အမျိုးအစား ၁ဝ မျိုးသည် Customs Duty ၊ Commercial Tax၊ SecurityFee (For X-Ray)၊Redemption Deposit or Post Value Revenue Deposit (RD or PVRD)၊ SpecificGoods Tax ၊ Transit Duty ၊ Advanced Incom Tax၊ MACCS Service Fees ၊Redemption Fine (RF)& Direct Penalty (DP)] နှင့်License Fee တို့ဖြစ်သည်။ အကောက်ခွန်ဦး စီးဌာနအနေဖြင့် MACCSSystem အတွက်LAN နှင့်WANတို့ကို တပ်ဆင်ဆောင် ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင်LANအပိုင်း တပ်ဆင်မှု၌ ၁၄ ခုတပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ကာ WAN အပိုင်း တပ်ဆင်မှုတွင် အသစ်ဆောက်လုပ်နေဆဲဖြစ်သော လေဆိပ် ကုန်လှောင်ရုံနေရာမှအပ ကျန် ၁၃ နေရာတွင် တပ်ဆင်ဆောင် ရွက်ထားပြီးဖြစ်သည်။ MACCS စနစ်သည် National Single Window (NSW) အကောင်အထည်ဖော် ဆောင် ရွက်မှုကိုပါ အထောက်အကူပြုနိုင်သည့်စနစ်တစ်ခု ဖြစ်သော ကြောင့် အခြားအစိုးရဌာနအဖွဲ့ အစည်းများ (OGAs) နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမအဆင့်တွင် သွင်းကုန် ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များနှင့် ဆက်စပ် လျက်ရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MPA)၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အပင် ပိုးမွှားကာကွယ်ရေးဌာန (Plant Quarantine)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် စသည့် ဌာနအဖွဲ့အစည်းအသီးသီးတို့နှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်သည်။