မြန်မာအကောက်ခွန်ဦးစီးဌာနသို့ ဂျပန်နိုင်ငံ Customs Tariff & Bureau (CTB) မှ ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့လာရောက်ခြင်း

ယနေ့နံနက် (၉း၃၀)နာရီတွင် ဂျပန်နိုင်ငံ Customs Tariff & Bureau (CTB) မှ ညွှန်ကြားရေးမှူးချုပ် Mr.Kajikawa ဦးဆောင်သောအဖွဲ့သည်ရန်ကုန်မြိူ့ရှိအကောက်ခွန်ဦးစီးဌာနသို့လာရောက်၍ မြန်မာအကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲကအားတွေ့ဆုံ၍ မြန်မာနိုင်ငံတွင်အကောင်အထည်ဖေါ်နေသော MACCS နှင့်ပတ်သက်သောကိစ္စရပ်များနှစ်နိုင်ငံ အကောကိခွန်အခြင်းခြင်းပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကိုခငိမင်ရင်နှီးစွာဆွေးနွေးခဲ့ပြီး အကောက်ခွန်ဦးစီးဌာန ပြတိုက်၊ထုတ်ကုန်သွင်းကုန်ဌာနခွဲနှင့် ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေးနှင့်ထိန်းချုပ်ရေးဌာနခွဲ(MACCS)များသို့လေ့လာပြီးနေ့လည်(၁၁း၃၀)နာရီတွင်သီလဝါSEZ သို့ဆက်လက်ထွက်ခွာသွားသည်။ တွေ့ဆုံပွဲသို့မြန်မာအကောက်ခွန်ညွှန်ကြားရေးမှူးချူပ်နှင့်အတူဒုတိယညွှန်ကြားရေးမှူးချုပ်များညွှန်ကြားရေးမှူးများတက်ရောက်ပြီး၊ဂျပန်ဘက်မှညွှန်ကြားရေးမှူးချုပ်နှင့်အတူ MACCS Project Advisor Mr. Mizui ၊JICA Expert Mr. Ueno ၊Japan Customs မှ ညွှန်ကြားရေးမှူးများတက်ရောက်ကြသည်