Private Sector အတွက် MACCS အကြောင်းရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း

MACCS ကိုဘယ်လိုသုံးမလဲ၊ဘာတွေလိုက်နာရမလဲ၊ဘာတွေလိုသလဲ၊ဘယ်လိုလုပ်သလဲ...စသည် MACCS အကြောင်းရှင်းလင်းပွဲအား ၄.၈.၂၀၁၆ ရက်နေ့ နံနက်(၉)နာရီမှညနေ(၅)နာရီ ထိ UMFCCI ခန်းမတွင်ပြုလုပ်ခဲ့ရာ စိတ်ပါဝင်စားသူသွင်းကုန်ထုတ်ကုန်ကုမ္မဏီလုပ်ငန်းရှင်များ၊ဝန်ထမ်းများ၊သွင်းကုန်ထုတ်ကုန်လုပ်ငန်းဆောင်ရွက်သည့် အစိုးရဌာနများ၊မှဝန်ထမ်းများ စုစုပေါင်း(၄၈၀)ခန့်တက်ရောက်ကြပြီး အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများကသက်ဆိုင်ရာဘာသာရပ်အလိုက်ဆွေးနွေးကြပြီး တက်ရောက်လာသူများကမရှင်းလင်းသည့်အချက်များသိရှိလိုသည့်အချက်များကိုမေးမြန်းခဲ့ကြပြီးအကောက်ခွန်ဦးစီးဌာန မှတာဝန်ရှိသူဝန်ထမ်းများကပြန်လည်ဖြေကြားခဲ့ကြသည်။ MACCS စနစ် ကို ၈.၈.၂၀၁၆ ရက်မှစ၍ စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ လ တွင် စတင်ကျင့်သုံးဆောင်ရွက်မည်ဖြစ်သည်။သို့အတွက် Private Sector အတွက် Awareness ဆောင်ရွက်ခြင်းကို ၁၁.၈.၂၀၁၆ ရက်နေ့တွင်ထပ်မံဆောင်ရွက်သွားမည်ဖြစ်သည်။SEZ သီလဝါတွင်လည်း ၁၉.၈.၂၀၁၆ ရက်နေ့တွင် MACCS အကြောင်း ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်သည်။