MACCS အတွက်Running Test Briefing Section စနစ်စမ်းသပ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များရှင်းလင်းပွဲ ကျင်းပခြင်း။

MACCS အတွက်(RT) Running Test Briefing Section စနစ်စမ်းသပ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များရှင်းလင်းပွဲအား ၂၆-၇-၂၀၁၆ ရက်နေ့ တွင် UMFCCI ၌ မနက်ပိုင်းညနေပိုင်း ၂ ချိန်ခွဲ၍ ကျင်းပရာ စိတ်ပါဝင်စားသူ (၇၄၅)ဦးခန့်တက်ရောက်ခဲ့ကြသည်။ ရှင်းလင်းပွဲသို့ အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်၊JACA Expart, Japan Customs, NTT Japan, NTT Myanmar , MCBA , UMFCCI တို့မှတာဝန်ရှိသူများတက်ရောက်အားပေးခဲ့သည်။ ရှင်းလင်းပွဲတွင် ၂၀၁၆ သြဂုတ်လ တွင် စတင်မည့် (RT) Running Test စနစ်စမ်းသပ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားအကောက်ခွန်ဦးစီးဌာန နှင့် NTT -Myanmar တို့မှရှင်းလင်းတင်ပြခဲ့ကြသည်။