MACCS၏ PTSW(Private Terminal Software) Training အမှတ်စဉ်(၃)..သင်တန်း Certificate ချီးမြှင့်ပေးအပ်ခြင်း။

MACCS စနစ် "Training Course For MACCS Users"သင်တန်းအမှတ်စဉ်(၃)သို့သင်တန်း တက်ရောက်ပြီးသူများ အတွက် MACCS ၏ PTSW(Private Terminal Software) Training အမှတ်စဉ်(၃) အား ဇွန် လ (၉) ရက်နေ့က UMFCCI သင်တန်းခန်းမ (၁)တွင် မနက်ပိုင်းတန်းခွဲနှင့် နေ့လည်ပိုင်းတန်းခွဲ တန်းခွဲ(၂)ခုဖြင့် ပြုလုပ်ခဲ့ရာသင်တန်းသား(၁၀ဝ)ဦးတက်ရောက် ၍လက်တွေ့ Import /Export Declaration များကိုအဆင့်မီဆောင်ရွက်နိုင် ခဲ့ကြသည်။ ယင်းနေ့တွင်ပင် သင် တန်း တက်ရောက် ခဲ့သော သင်တန်းသားများအားမြန်မာ့ အကောက်ခွန်၊ JICA Expert နှင့် NTT Data Myanmar တို့ မှ တာဝန်ရှိသူများကသင်တန်းတက်ရောက်အောင်မြင်ကြောင်း Certificate အား တစ်ဦးချင်းစီချီးမြှင့်ပေးအပ်ခဲ့သည်။