MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၅)ဖွင့်လှစ်ခဲ့ခြင်း

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၅) အား မေ လ (၃၀) ရက်မှဇွန်လ(၃)ရက်ထိ ရန်ကုန်မြို့ရှိ အကောက်ခွန်သင်တန်းကျောင်းသင်တန်းခန်းမ၌ဖွင့်လှစ်သင်ကြားခဲ့ရာ အခြားအစိုးရဌာနများမှ သင်တန်းသားများနှင့်ပုဂ္ဂလိက ကဏ္ဍ မှအကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုပေးသူ သင်တန်းသားများ စုစုပေါင်း(၁၁၀)ဦးတက်ရောက်ခဲ့သည်။ "Training Course For MACCS Users" သင်တန်းကို ပုဂ္ဂလိကကဏ္ဍအတွက်အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုပေးသူများကို အဓိကဦးတည်၍ သင်တန်းအ မှတ်စဉ်(၅)ခုဖွင့်လှစ်ပြီးဖြစ်၍သင်တန်းတက်ရောက်ပြီးသူပေါင်း(၆၂၉)ဦးရှိပြီဖြစ်ပါသည်။ သင်တန်း အ မှတ်စဉ်(၆)အား ဇွန်လ (၆)ရက်မှ(၁၀)ရက် ထိဖွင့်လှစ်မည်ဖြစ်ပြီးသင်တန်းများကိုဇွန်လ အတွင်းစဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည်ဖြစ်သည်။ PTSW(Private Terminal Software) Training အမှတ်စဉ်(၂)အား ဇွန်လ (၂) ရက်နေ့တွင် ဖွင့်လှစ် ခဲ့ပြီး အမှတ်စဉ်(၈)အထိဖွင့်လှစ်သွားမည်ဖြစ်သည်။