MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းဖွင့်ပွဲကျင်းပခြင်း

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းဖွင့်ပွဲ အား ယနေ့ မေ လ (၂) ရက်နေ့မနက်(၉း၃၀)နာရီတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်သင်တန်းကျောင်း၌ပြုလုပ်ခဲ့သည်။ ယနေ့မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့ချိန်တွင် အကောက်ခွန်ဦးစီးဌာန၏ ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲမှုများကိုလည်းလိုက်ပါဆောင်ရွက်လျှက်ရှိရာ မြန်မာနိုင်ငံသည် ASEAN အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ASEAN Economic Community၏ Blue Print တွင်ပါဝင်သော Strategic Plan of Customs Development (SPCD ) အချက် (၁၄)ချက် ပါ အကောက်ခွန် ပြန်လည်ဖွဲ့စည်းခြင်းနှင့်ခေတ်မီစေခြင်း(Customs Reform & Modernization)ဟူသော အချက် ကို အကောင် အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာတွင် MACCS/MCISစနစ်အကောင်အထည်ဖေါ်ဆောင်ခြင်းသည်အလွန်အရေးပါသည့်စီမံကိန်းတစ်ရပ်ဖြစ်ပါသည်။စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကောက်ခွန် ဦးစီးဌာန သာမက MACCS စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်မည့် အခြားအစိုးရဌာနများ(OGAs )၏ ပူးပေါင်း ဆောင်ရွက်မှုများ၊ ကုန်သွယ်မှုလုပ်ငန်းစဉ်များနှင့် ဆက်စပ်သည့် လုပ်ငန်းကဏ္ဍများကိုဆောင်ရွက်လျက်ရှိသော အစိုးရမ ဟုတ်သည့်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများသည်လည်းအဓိကကျသည့် လုပ်ငန်းစဉ်များ ဖြစ်ပြီးနိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်(National Single Window )အား အထောက်အကူပြုနိုင် မည်ဖြစ်ပါသည်။ MACCSစနစ်နှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များဆောင်ရွက်ခဲ့ရာတွင်MACCSစနစ်၏အခြေခံသဘောတရားရှင်းလင်းပွဲများကိုစဉ်ဆက်မပြတ်ပြုလုပ်လာခဲ့ရာမှာ ၂၀၁၅ ခုနှစ် မေလအတွင်းတွင် အကောက်ခွန် အရာထမ်းများအတွက် လည်းကောင်း၊ ၂၀၁၅ ခုနှစ် မေလ နှင့် ဇွန်လများ အတွင်း တွင်MACCS စနစ်နှင့်ပါဝင် ချိတ်ဆက်မည့် အခြားသော ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များအတွက် လည်းကောင်း၊ ၂၀၁၅ ခုနှစ် သြဂုတ် လအတွင်းတွင် Private Users များအတွက် လည်းကောင်း ရှင်းလင်းမှုများကို အသီးသီး ကျင်းပ ပြုလုပ် ခဲ့ပြီးဖြစ်သည်။ ယနေ့ ဖွင့်လှစ်သည့် "Training Course For MACCS Users" သင်တန်းသည် ယခင်ရှင်းလင်းဆွေးနွေးပို့ချခဲ့သည့် MACCS စနစ်အခြေခံသဘောတရား သာမက Private User များအနေဖြင့် အမှန်တကယ်လက်တွေ့အသုံးပြုဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးပို့ချခြင်းဖြစ်သည်။ Private Users များအနေဖြင့် ရှင်းလင်းပို့ချဆွေးနွေးမှုများ အပေါ်မိမိ တို့ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ လက်တွေ့မြေပြင်တွင် လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း မိမိတို့သိရှိလိုသည်များကို ထိုသင်တန်းတွင် ဆွေးနွေးသွားကြရန်ဖြစ်သည်။ ထို့အပြင် သင်တန်းပြီးဆုံးသွား၍ စနစ်အားလက်တွေ့အသုံးပြုဆောင်ရွက်သွားမည့် အချိန်တွင်လည်း စနစ်အသစ်တို့၏ သဘောသဘာဝအရ ကြုံတွေ့လာနိုင်သည့် အားနည်းချက် ၊ အခက်အခဲ များကိုလည်း Private Users များအနေဖြင့် စနစ်အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖြစ်သည်။ MACCS စနစ်ကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ မှ စတင်၍ ပထမအဆင့်အနေ ဖြင့် ရန်ကုန်ဧရိယာအတွင်း၌ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် လေဆိပ်၊ ရုံးချုပ်၊ ဆိပ်ကမ်းများတွင် တပ်ဆင်ချိတ်ဆက် အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒုတိယ အဆင့်အနေဖြင့် ရန်ကုန်ဧရိယာတွင်စနစ်ကိုတည်ငြိမ်အောင်မြင်စွာသုံးစွဲနိုင်ပြီးပါကနယ်စပ်ဒေသများ၌ပါတပ်ဆင် အသုံး ပြု ဆောင်ရွက်နိုင်ရေး ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ "Training Course For MACCS Users" သင်တန်းကို ပုဂ္ဂလိက ကဏ္ဍအတွက် အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုပေးသူများကိုအဓိကဦးတည်၍သင်တန်းသားဦးရေ(၈၀ဝ)လျာထားလျှက် သင်တန်း(၁)ခုလျှင် သင်တန်းသားဦးရေ(၁၀ဝ)ဖြင့် သင်တန်းအပတ်စဉ်(၈)ခုအား မေ လ မှ ဇွန်လ အတွင်း စဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည်ဖြစ်သည်။ အလားတူအကောက်ခွန်အရာရှိများ အတွက်သင်တန်းများကိုလည်း ၂၀၁၆ ခုနှစ်ဇူလိုင်လအတွင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲသို့ ၊မြန်မာအကောက်ခွန်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ JICA မှ Mr Nakazawa ( Representative of JICA –Myanmar) ၊ဂျပန်အကောက်ခွန်နှင့် NTTdata မှ ပညာရှင်များ၊ ၊ JICA Long Term Expert အဖွဲ့ဝင်များ၊ OGAs များမှတာဝန်ရှိသူများ၊ UMFCCI ၊ MIFFA နှင့် မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ နှင့် သင်တန်းသားများ တက် ရောက်ကြသည်။