ညွှန်ကြားရေးမှူးချုပ်အား NTT data Corporation မှ Voice President Mr.KenJi Nagai လာရောက်တွေ့ဆုံနုတ်ဆက်

အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင် အား ဂျပန်နိုင်ငံ NTT Data Corporation မှ Voice President Mr. KenJi Nagai နှင့် အဖွဲ့သည် ယနေ့နံနက်(၁၀)နာရီ ခန့်တွင် အကောက်ခွန်ဦးစီးဌာနရုံးချုပ်သို့လာရောက်တွေ့ဆုံနုတ်ဆက်ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် လက်ရှိအကောင်အထည်ဖေါ်နေသော MACCS စနစ်အတွက် Software ရေးဆွဲပေးနေမှုနှင့်ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊နည်းပညာပံပိုးမှုအစီအစဉ်များကို ရင်းနှီးစွာပြောကြားခဲ့ကြသည်။အကောက်ခွန်ဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ်(၂)နှင့်ညွှန်ကြားရေးမှူးများ၊ JACA Long term Expert များ တက်ရောက်ကြသည်။