အကောက်ခွန်ဦးစီးဌာနတွင် MACCS စနစ်အတွက် User Registration စတင်ဆောင်ရွက်ခြင်း

MACCS စနစ်အသုံးပြုမည့်သူများ(Private Sector)အတွက် User Registration များကို ယနေ့ ၂၀၁၆ ခုနှစ်အေပြီ လ (၁)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် အကောက်ခွန်ဦးစီးဌာနရုံးချုပ်၊ ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေးနှင့်ထိန်းချုပ်ရေးဌာနခွဲ(MACCS ဌာနခွဲ)၌စတင် ဆောင်ရွက်ပေးခဲ့ ရာ ပထမဦးဆုံး လာရောက် ၍User Registration ဆောင်ရွက်သူ ဦးမြင့်ဝေ(Myint Forwarding Agency)အား Japan Expert Mr.Ueno နှင့် NACCS Center မှ Ms Otasan တို့က ဂုဏ်ပြုနုတ်ဆက်ကြပြီး UR ဌာနစိတ်မှ ဝန်ထမ်းများကလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြပါသည်။ User Registration လုပ်ငန်းများကို ယနေ့ (၁.၄.၂၀၁၆)ရက်နေ့မှ (၃၀.၆.၂၀၁၆)ရက်ထိ ရုံးချိန်အတွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ User Registrationနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက www.myanmarcustoms.gov.mm/maccs ၏MACCS Registration ခေါင်းစဉ်အောက် တွင်ကြည့်ရှုနိုင်ပါသည်၊မရှင်းလင်းပါက MACCSဌာနခွဲ၏ Help Desk Section ရှိ ဖုန်းနံပတ်(ဝ၁-၃၇၉၄၂၇၊ဝ၁-၃၇၉၄၂၈၊ဝ၁-၃၇၉၄၂၉)များသို့ရုံးချိန်အတွက်းဆက်သွယ်မေးမြန်း၍ လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍လည်းကောင်း မေးမြန်းနိုင်ပါသည်