User Registration ပြုလုပ်ရန် MACCS ဌာနခွဲသို့ ဝင်ရောက်မည့်သူများအတွက်အထောက်အကူပြုသတင်းအချက်အလက်ကြေညာခြင်း

၁။MACCS စနစ်အတွက် User Registration လာရောက်လျှောက်ထားသူများသည် အကောက်ခွန်ဦးစီးဌာန၊ ဆက်ဆံရေးဌာနစိတ်တွင်မှတ်ပုံတင်၍ MACCS ဌာနခွဲသို့ဝင်ရောက်ခွင့်လုံခြုံရေးကဒ် နှင့် တိုကင်ကဒ်ပြားအား ထုတ်ယူ ရမည်ဖြစ်ပါသည်။ ၂။ရုံးတွင်းဝင်ခွင့်ရရှိထားသော Smart Card နှင့် အေးဂျင့်အဝါရောင်ကဒ် ရှိသူများသည် ဌာနခွဲသို့ ဝင်ရောက် ခွင့် လုံခြုံရေးကဒ် ထုတ်ယူရန်မလိုအပ်သော်လည်း တိုကင်ကဒ်ပြား အား မှတ်ပုံတင်၍ ထုတ်ယူရမည်ဖြစ်ပါသည် ၃။User Registration အားတိုကင်ကဒ်ပြားအမှတ်စဉ်အလိုက်ခေါ်ယူဆောင်ရွက်ပေးမည်ဖြစ်၍ တိုကင် ကဒ်ပြား နှင့် ရုံးတွင်းဝင်ခွင့်လုံခြုံရေးကဒ်မပါရှိသူများ အား User Registration ပြုလုပ်ပေးမည် မဟုတ်ပါ။ ၄။User Registration ပြုလုပ်သူများသည် MACCS ဌာနခွဲမှ ထုတ်ပေးထားရှိသည့် ဌာနခွဲသို့ ဝင်ခွင့်လုံခြုံရေးကဒ် အား MACCS User Registration ပြုလုပ်ရန်အတွက်သာ ခွင့်ပြုထားခြင်းဖြစ်သည့်အတွက် အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) အတွင်း အခြား လုပ်ငန်းကိစ္စရပ်များကိုဆောင်ရွက်ခြင်းအား (လုံးဝ) ခွင့်ပြုမည် မဟုတ်ပါ။ ၅။User Registration ပြုလုပ်ရန် MACCS ဌာနခွဲမှ ထုတ်ပေးထားရှိသည့် ဌာနခွဲသို့ဝင်ခွင့်လုံခြုံရေးကဒ် အား လုပ်ငန်းပြီးဆုံးပါကမူလထုတ်ယူခဲ့သောနေရာတွင်ပြန်လည်အပ်နှံရန် နှင့် ပျောက်ဆုံးပါက MACCS ဌာနခွဲသို့အချိန်မီ သတင်း ပို့ရန် ဖြစ်ပါသည်။ Importer/Exporter Code (IE Code) လာရောက်ထုတ်ယူရာတွင် တင်ပြရမည့် စာရွက်စာတမ်းများ (၁) Company Letter Head (UR-3) (၂)ကုမ္ပဏီနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ(ကုမ္ပဏီမှတ်ပုံတင်၊ Form-VI နှင့် Form-XXVI ထုတ်ကုန် သွင်းကုန် မှတ်ပုံတင်)(မူရင်း + မိတ္တူ) (၃) ကုမ္ပဏီ၏ အချက်အလက်ပါပုံစံ (UR-5) (၄) လာရောက်ထုတ်ယူသူ၏ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ် (မူရင်း+မိတ္တူ) Application Form လာရောက်လျှောက်ထားရာတွင် တင်ပြရမည့် စာရွက်စာတမ်းများ (၁)ကတိခံဝန်ချက်လျှောက်လွှာပုံစံ(UR-4) (၂)MACCS User အဖြစ် မှတ်ပုံတင်လျှောက်ထားမည့် ဝန်ထမ်းများအားလုံး၏ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ် (မူရင်း+မိတ္တူ) (၃)Custom Brokers များအနေဖြင့် အဝါရောင်ကဒ် (မူရင်း+မိတ္တူ) (၄)ပြည့်စုံစွာ ဖြည့်စွက်ထားသည့် Application Form (Softcopy) ထည့်သွင်းထားသောအနည်းဆုံး 4GB ရှိ Virus ကင်းစင်သည့် သီးသန့် USB အသစ်တစ်ခု။ (USB တွင် မိမိကုမ္ပဏီ၏ အမည်၊ အမှတ်အသား ပြုလုပ်လာပါရန်)