MACCS စနစ်အတွက် User Class (၁၀) ခုခွဲ ခြား ခြင်း

(၁)Class (A)Non-Registered User (၂)Class (B)User (Reference Only) (၃)Class (c)User (Declarant) (၄)Class (D)Customs Broker/Yellow Card Holder (Declarant) (၅)Class (E)White-Card Holder (Declarant) (၆)Class (F)Port, Container Yard, Warehouse Operator, Shipping Agency/.Company, Airline Company. (၇)Class (G)Freight Forwarder (၈)Class (H)OGA ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ (User) (၉)Class (I)အစိုးရဌာနဆိုင်ရာများမှ တင်သွင်းတင်ပို့သူUser များ(Declarant) (၁၀)Class(J)စီးပွားဖြစ်မဟုတ်ဘဲကိုယ်ပိုင်တင်သွင်းသူများ (၁)Class (A)Non-Registered User MACCS ၏ User အဖြစ်မှတ်ပုံမတင်လိုသောသွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များ (SEZ လုပ် ငန်းရှင်များအပါအဝင်)နိုင်ငံခြားသံတမန်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများနှင့် အစိုးရဌာနဆိုင်ရာများ(MACCS နှင့် ချိတ်ဆက်ထားသော OGA မှ အပ) အားလုံးအကျုံးဝင်ပါသည်။ MACCS ၏ User မဟုတ်သော်လည်းအကောက်ခွန် ဦးစီးဌာနတွင် Importer/ Exporter Code (IE Code)ထုတ်ယူရန်လိုအပ်ပါသည်။ သို့မှသာအကောက်ခွန် ကြေညာလွှာများတင်သွင်းရာတွင် MACCS မှ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အကောက်ခွန် ကြေညာလွှာများတင်သွင်းခြင်းအတွက် မိမိနှစ်သက်ရာ Customs Broker ကိုလုပ်ငန်းအပ်နှံ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ (၂)Class (B)User (Reference Only) MACCS ၏ User အဖြစ် မှတ်ပုံတင်ထားလိုသောသွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များ (SEZ လုပ် ငန်းရှင်များအပါအဝင်) နိုင်ငံခြားသံတမန်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရဌာနဆိုင်ရာများ(MACCS နှင့် ချိတ်ဆက်ထားသော OGA မှ အပ) အားလုံးအကျုံးဝင်ပါသည်။ အကောက်ခွန်ဦးစီးဌာနတွင် Importer/ Exporter Code (IE Code)ထုတ်ယူရန်နှင့် User အဖြစ် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ MACCS ၏ User ဖြစ်သဖြင့်စနစ်ကိုအသုံးပြု၍ မိမိတို့၏ ကြေညာလွှာအခြေအနေ၊ ကုန်စည်အခြေအနေ၊ Deposit လက်ကျန်အခြေအနေ၊ Release Order/ Allowed Shipment အခြေအနေတို့ကိုမိမိကွန်ပျူတာမှအချိန်မရွေးကြည့်ရှု/သိရှိနိုင်ပါသည်။ အကောက်ခွန်ကြေ ညာလွှာ များတင်သွင်းခြင်းအတွက် မိမိနှစ်သက်ရာ Customs Broker ကိုလုပ်ငန်းအပ်နှံ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ (MACCS ၏ User ဖြစ်သော်လည်း Customs Broker အဖြစ်အသိအမှတ်ပြု (အဝါကဒ်) မရှိ၍ Declarant အဖြစ် ခွင့်မပြုပါ။) (၃)Class (c)User (Declarant) MACCS ၏ User အဖြစ် မှတ်ပုံတင်ထားလိုသည့်အပြင် လုပ်ငန်းရှင်(SEZ အပါအဝင်) ကိုယ်တိုင် သို့မဟုတ် ကုမ္ပဏီဝန်ထမ်းသည် အကောက်ခွန်မှ Customs Broker အဖြစ်အသိအမှတ်ပြု (အဝါကဒ်) ရရှိထားသောသွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များ အားလုံးအကျုံးဝင်ပါသည်။ အကောက်ခွန် ဦးစီးဌာနတွင် Importer/ Exporter Code (IE Code)ထုတ်ယူရန်နှင့် User အဖြစ် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ MACCS ၏ Declarant အခွင့်အရေးရ User ဖြစ်သဖြင့်စနစ်ကိုအသုံးပြု၍ မိမိကုမ္ပဏီ၏ အကောက်ခွန်ကြေညာလွှာများကို တင်သွင်းနိုင် သည့် အပြင် မိမိတို့၏ ကြေညာလွှာအခြေအနေ၊ ကုန်စည်အခြေအနေ၊ Deposit လက်ကျန်အခြေအနေ၊ Release Order/ Allowed Shipment အခြေအနေ တို့ကိုမိမိကွန်ပျူတာမှအချိန်မရွေးကြည့်ရှု သိရှိနိုင်ပါ သည်။ သို့ရာတွင် မိမိကုမ္ပဏီ၏ ကြေညာလွှာများကို သာ တင်သွင်းခွင့် ရှိပါသည်။ (၄)Class (D)Customs Broker/Yellow Card Holder (Declarant) အကောက်ခွန်ဦးစီးဌာနမှ အသိအမှတ်ပြုထားသော Customs Broker Agency များမှ အဝါ ကဒ်ကိုင်ဆောင်ထားသောသူများ ဖြစ်ပါသည်။ Importer/ Exporter Code (IE Code)ထုတ် ယူရန်မလိုအပ်ပါ။ သို့ရာတွင် အကောက်ခွန်ဦးစီးဌာနတွင် User အဖြစ် မှတ်ပုံတင်ရန် လိုအပ် ပါသည်။ Declarant အခွင့်အရေးရရှိသည့်အပြင် မည်သည့်လုပ်ငန်းရှင်များ၏ ကြေညာလွှာကိုမဆိုတင်သွင်းပေးနိုင်ပါသည်။ မိမိတို့၏ ကြေညာလွှာအခြေအနေ၊ ကုန်စည်အခြေအနေ၊ Deposit လက်ကျန်အခြေအနေ၊ Release Order/ Allowed Shipment အခြေအနေတို့ကိုမိမိကွန်ပျူတာမှအချိန်မရွေးကြည့်ရှု/သိရှိနိုင်ပါသည်။ (၅)Class (E)White-Card Holder (Declarant) နိုင်ငံခြားသံတမန်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၏ တင်သွင်း တင်ပို့မှုလုပ်ငန်းစဉ်များအားဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအကဲ ထောက်ခံချက်ဖြင့် အကောက်ခွန်ဦးစီးဌာနကအသိအမှတ်ပြုလက်မှတ် (အဖြူရောင်ကဒ်) ထုတ်ပေးထားသူများအားလုံး အကျုံးဝင်ပါသည်။ Importer/ Exporter Code (IE Code)ထုတ်ယူရန်မလိုအပ်ပါ။ သို့ရာတွင် အကောက်ခွန်ဦးစီးဌာနတွင် User အဖြစ် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ Declarant အခွင့်အရေးရရှိမည်ဖြစ်သော်လည်း မိမိကိုယ်စားပြုအဖွဲ့အစည်း ၏ ကြေညာလွှာများအတွက်သာလျှင် လုပ်ငန်းဆောင်ရွက် ပေးခွင့်ရှိမည် ဖြစ်ပါသည်။ မိမိတို့၏ ကြေညာလွှာအခြေအနေ၊ ကုန်စည်အခြေအနေ၊ Deposit လက်ကျန်အခြေအနေ၊ Release Order/ Allowed Shipment အခြေအနေ တို့ကိုမိမိကွန်ပျူတာမှအချိန်မရွေးကြည့်ရှု/သိရှိ နိုင်ပါသည်။ (၆)Class (F)Port, Container Yard, Warehouse Operator, Shipping Agency/.Company, Airline Company. နိုင်ငံတကာဆိပ်ကမ်းလုပ်ငန်းများ၊ကုန်လှောင်ရုံလုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်း ရှင်များ၊ အပြည်ပြည်ဆိုင်ရာ Shipping agency/Company,Airline Company များအားလုံး အကျုံးဝင်ပါသည်။Importer/Exporter Code (IE Code) များထုတ်ယူရန် မလိုအပ်ပါ။ သို့ရာတွင် MACCS စနစ်၏ အဓိက ပူးပေါင်းပါဝင်သူများဖြစ်၍ အကောက်ခွန် ဦးစီးဌာနတွင် MACCS ၏ User အဖြစ် မှတ်ပုံတင်ရန်လိုအပ်ပါသည်။ (Declarant) အဖြစ် ဆောင်ရွက်ခွင့်မရှိပါ။ (၇)Class (G)Freight Forwarder နိုင်ငံတကာကုန်သွယ်မှုအတွက် Consolidated Cargo များကိုကိုင်တွယ်ဆောင်ရွက်နေသော Freight Forwarder များသည် MACCS ၏ User အဖြစ်မှတ်ပုံတင်ရန်လိုအပ်ပါသည်။ သို့ရာတွင် Customs Clearance လုပ်ငန်းများကိုကိုယ်တိုင်ဆောင်ရွက်လိုသောFreight Forwarderများသည် အကောက်ခွန်ဦးစီးဌာနတွင် Customs Broker Agency အဖြစ်သီးခြား မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ (၈)Class (H)OGA ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ (User) National Single Window အတွက် ပူးပေါင်းဆောင်ရွက်နေကြသော Other Government Agencies များဖြစ်ကြသည့် FDA, Animals & Plants Quarantine ဆိုင်ရာလုပ်ငန်းများတွင် ဝန်ဆောင်မှုပေးနေသူများနှင့် အကြုံးဝင်ပါသည်။ (ဥပမာ-OGA များတွင် Test Result လုပ်ငန်းစဉ်အတွက် Application တင်သွင်းရာတွင်ဝန်ဆောင်မှုပေးသူများ ဖြစ်ပါသည်။) Importer/Exporter Code (IE Code) များထုတ်ယူရန် မလိုအပ်ပါ။သို့ရာတွင် MACCS ၏ User အဖြစ်မှတ်ပုံတင်ရန်လိုအပ်ပါသည်။(Declarant အခွင့် အရေးမရပါ။) သို့ရာတွင် အထက်ပါဝန်ဆောင်မှုပေးသူသည် Customs Broker Class(C) သို့မဟုတ် Class(D)အဖြစ် မှတ်ပုံတင်ထား ပြီးသူဖြစ်ပါက Class (H) အဖြစ်သီးခြားမှတ်ပုံတင်ရန် မလိုအပ်ပါ။ (၉)Class (I)အစိုးရဌာနဆိုင်ရာများမှ တင်သွင်းတင်ပို့သူUser များ(Declarant) အစိုးရဌာနဆိုင်ရာများဖြစ်ပြီးသွင်းကုန်ထုတ်ကုန်ဆိုင်ရာလုပ်ငန်းများကိုပုံမှန်ဆောင်ရွက်နေသူများအားလုံးအကြုံးဝင်ပါသည်။သက်ဆိုင်ရာဌာနသည် အကောက်ခွန်ဦးစီးဌာနတွင် Importer / Exporter Code (IE Code)ထုတ်ယူရန်လိုအပ်ပါသည်။ အဆိုပါဌာနများအတွက် Clearance လုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ထမ်းများသည်MACCS ၏ User အဖြစ် မှတ်ပုံတင်ရန်လိုအပ်ပါသည်။ သို့ရာတွင် သက်ဆိုင်ရာဌာန၏တာဝန်ပေးအပ်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြရမည်။ MACCS ၏ Declarant အခွင့်အရေးရ User ဖြစ်သဖြင့်စနစ်ကိုအသုံးပြု၍ အကောက်ခွန်ကြေညာလွှာများကို တင်သွင်းနိုင် သည့်အပြင် မိမိတို့၏ကြေညာလွှာအခြေအနေ၊ ကုန်စည်အခြေအနေ၊ Deposit လက်ကျန်အခြေအနေ၊ Release Order /Allowed Shipment အခြေအနေတို့ကိုမိမိကွန်ပျူတာမှ အချိန်မရွေးကြည့်ရှု/ သိရှိနိုင်ပါသည်။သို့ရာတွင်မိမိကိုယ်စားပြုသည့်ဌာနဆိုင်ရာ၏ကြေညာလွှာများကိုသာတင်သွင်းခွင့်ရှိပါ သည်။ (၁၀)Class(J)စီးပွားဖြစ်မဟုတ်ဘဲကိုယ်ပိုင်တင်သွင်းသူများ တင်သွင်းတင်ပို့မှုကိုစီးပွားဖြစ်မဟုတ်ဘဲကိုယ်ပိုင်သုံးအတွက်သာတစ်ခါတစ်ရံတင်သွင်းသူများသည် အကောက်ခွန်ဦးစီးဌာနတွင် IE Code ရယူခြင်းနှင့် User မှတ်ပုံတင်ခြင်း များ ပြုလုပ်ရန်မလိုအပ်ပါ။ အကောက်ခွန်ကြေညာလွှာ များတင်သွင်းခြင်း အတွက် မိမိနှစ်သက်ရာ Customs Broker ကိုငှားရမ်းအသုံး ပြုရမည်ဖြစ်ပါသည်။ (မှတ်ချက်။Class (C,D,E,G,I)တို့သည် Declarant များဖြစ်ပြီး ၂၀၁၆ မေလနှင့် ဇွန်လများတွင် အကောက်ခွန်ဦးစီးဌာနက ဖွင့်လှစ်ပေးမည့် MACCS User Training သို့ မပျက်မကွက် တက်ရောက်၍ သင်တန်းဆင်းလက်မှတ်ယူထားရပါမည်။)