MACCS/MCIS စနစ်အတွက် ညှိနှိုင်း အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း

(၁၀-၃-၂၀၁၆)ရက်နေ့နေ့လည်(၁)နာရီတွင် အကောက်ခွန်ဦးစီးဌာန ၌ MACCS/MCIS စနစ် အကောင်အထည်ဖော် ဆောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့သည် MIFFA - Myanmar International Forwarders Association နှင့် MCBA -Myanmar Customs Brokers Association. တို့နှင့်တွေ့ဆုံ၍ စနစ်အားအဆင်ပြေ ချောမွေ့စွာလည်ပတ်ရေး အတွက်ညှိနှိုင်းဆွေးနွေးကြရာ အကောက်ခွန်ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့်ညွှန်မှူးများ၊ မြန်မာ-ဂျပန် လုပ်ငန်းအဖွဲ့မှမြန်မာဂျပန် အဖွဲ့များ၊ MIFA နှင့် MCBA မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးအား ညနေ (၃)နာရီတွင်ကျင်းပပြီးစီးခဲ့သည်။ (၁၁-၃-၂၀၁၆)ရက်နေ့ နေ့လည်(၂)နာရီတွင် အကောက်ခွန်ဦးစီးဌာန မှ တာဝန်ခံ ညွှန်မှူးများ၊ မြန်မာ-ဂျပန် လုပ်ငန်းအဖွဲ့မှမြန်မာဂျပန် အဖွဲ့များ ၊ NTT Data မှအဖွဲ့များသည် MACCS စနစ်တွင် ပါဝင်ဆောင်ရွက်ကြမည့် အစိုးရဌာနများဖြစ်သောကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊FDA၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ငါးလုပ်ငန်းဦးစီးဌာန၊(သီးနှံစစ်ဆေးရေး) စိုက်ပျိုးရေးဦးစီးဌာနတို့မှတာဝန်ခံများ၊ကွန်တိန်နာဆိပ်ကမ်းများမှတာဝန်ခံများ၊သင်္ဘောလိုင်းနှင့်လေကြောင်းလိုင်းမှကိုယ်စားလှယ်များ၊Myanmar ICT Development Cor; Ltd.မှ တာဝန်ရှိသူများ၊နှင့် MACCSစနစ် ဆောင်ရွက်နိုင်ရေး အတွက် User Registration ကိစ္စများ၊ Client Certificate ကိစ္စများကိုညှိနှိုင်း ဆွေးနွေး ခဲ့ကြပြီးအစည်းအဝေးအား ညနေ(၄:၃၀)နာရီချိန်ခန့်တွင်ကျင်းပပြီးစီးခဲ့ကြောင်းသိရှိရသည်။