အကောက်ခွန်ဦးစီးဌာန၏ MACCS Website အားစမ်းသပ်ထုတ်လွှင့်ခြင်း

အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသော MACCS စနစ်အတွက် အထောက်အကူဖြစ်စေရန်အတွက် MACCS Website အားရေးဆွဲလျှက်ရှိပါသည်။ထို MACCS Website အား ၂၀၁၆ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့တွင် စမ်းသပ်ထုတ်လွှင့်လျှက် လုပ်ငန်းများဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ MACCS Website နှင့်ပတ်သက်၍ အကြံပြုချက်များရှိပါက (maccsdiv@gmail.com)သို့ပေးပို့ပေးနိုင်ပါသည်။