စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး အကောက်ခွန်ဦးစီးဌာန၏ MACCSစနစ်အကောင်အထည်ဖေါ်ဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး

09/03/2017
၀၁၆ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်နေ့နေ့လည်(၁၂း၃၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းသည်အကောက်ခွန်ဦးစီးဌာနရုံးချုပ်သို့ရောက်ရှိပြီး အကောက်ခွန်ဦးစိးဌာနမှအကောင်အထည်ဖေါ်ဆောင်ရွက်နေသော MACCS စနစ်နှင့်ပတ်သက်၍စစ်ဆေးပြီးစနစ်တစ်ခု၏အပြောင်းအလဲတွင်အခက်အခဲများမလွဲမသွေတွေ့ကြုံရမည်ဖြစ်၍ယင်းအခက်အခဲများကိုယုံကြည်ချက်ရှိရှိ၊ရဲရဲဝင့်ဝင့်ရင်ဆိုင်ဖြေရှင်းကြရန်၊ရေတိုရေရှည်စီမံချက်များချမှတ်၍အဆင့်ဆင့်ပြောင်းလဲသွားရန်၊ ကွန်ယက်လုံခြုံမှုကိုဂရုပြုဆောင်ရွက်ရန်မှာကြားပြီးMACCSဌာနခွဲနှင့် ထုတ်သွင်းဌာနခွဲများကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။ MACCS ဌာနခွဲHelp Desk တွင်လာရောက်မေးမြန်းနေသော User များကိုရင်းရင်းနှီးနှီးနုတ်ဆက်၍အခက်အခဲများမေးမြန်းခဲ့ပြီးပေါင်းစပ်ဖြေရှင်းပေးခဲ့ပါသည်။ အကောက်ခွန်ဝန်ထမ်းများကိုလည်းအခက်အခဲများမေးမြန်းပြီး အချိန်ပိုဆင်းရသည့်အတွက်ဖြည့်ဆည်းပေးမည့်အစီအစဉ်များကိုစီစဉ်ဆောင်ရွက်ကြရန်နှင့်ဆက်လက်ကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။